ခရမ်းချဉ် ဈေးမကောင်းရင်
အပင်ပေါ်မှာ ဈေးစောင့်ပါ
အပင်ပေါ်မှာ ဈေးစောင့်ပါ
ခရမ်းချဉ် ပွင့်ပြီး သီးပြီးဆို ဈေးမကောင်းတဲ့ ပြသာနာ တွေ့ရ တက်ပါတယ်။အဲဒီမှာ ပထမဦးစွာ ပြောချင်တာက တောင်သူ အများစု Yဂွအောက် သားတက်ဖြတ် အောက်ခြေရှင်း ရမယ်ဆိုတာ သိပါတယ်။ဒါပေမဲ့ နောက်ထပ် ထွက်လာတဲ့ သားတက်ကျတော့ ပြန်မွေးကျတယ်။နောက်မွေးမှာဆို အစောထဲက မဖြတ်နဲ့ပေါ့။အခုတော့ ပညာရှင်ပြောလို့ ဖြတ်တယ်။ပြန်မွေးတယ်။အပင်ကို တအားခိုင်းပြီး ဂွသီး၊ခါးသီး၊အဖျားသီး မရှိတော့ဘူး။ပင်စည် ၃ကိုင်း ၄ကိုင်း ထားတဲ့အတွက် အသီးက တပြိုင်တည်း လာပေါ်တယ်။ဈေးက မကောင်းတော့ ရှုံးတော့တာပေါ့။တချို့က ကျင်းထားပြောတယ်။ဒါပေမဲ့ အပင်ပေါ်က အသီးလောက် မလတ်ဆက်တော့ ရောင်းရတာ စိတ်ကကို မသန့်ဘူး။အဲဒီတော့ ဈေးကွက် မှီအောင် ဘယ်လို စိုက်မလဲ။
စိုက်ပြီး အပင် ၁၅ရက်သားဆို သားတက်ဖြတ်မယ်။ပင်စည် နှစ်ကိုင်းဘဲ ထားမယ်။Yဂွထားတဲ့ သဘောပဲ။Yဂွထား သားတက်ဖြတ်တာ ရည်ရွယ်ချက် ရှိတယ်။ဂွသီးရဖို့နဲ့ ပိုးမွှာရောဂါ မကျရောက်အောင် လေဝင်လေထွက် ကောင်းအောင်လုပ်တဲ့သဘောပဲ။
အကယ်၍ Yဂွမထားဘူး သားတက်မွေးမယ်ဆို ခရမ်းချဉ် ပထမသီးလို့ ခေါ်တဲ့ ဂွသီးမရတော့ဘူး။ရာသီကောင်းလို့ ရခဲရင်လဲ သီးလုံးမညီဘူး။အဲဒီတော့
Yဂွထားပြီး ဂွသီး၊ခါးသီး၊ အဖျားသီးဆိုပြီး ဈေးစောင့်ပါ။တစ်ချိန်တော့ တိုးပါတယ်။
အခုလို ဈေးမကောင်းတဲ့ အချိန် အပင်ကို
တအားမခိုင်းပါနဲ့။ပင်စည်တစ်ကိုင်း ပန်းခိုင် လေးခိုင်းသာ ထားပါ။ပန်းခိုင်း တစ်ခိုင်းမှာ သီးလုံး ၄လုံးဘဲ ထားပါ။ကျန်တာ ချွေလိုက်ပါ။ပင်စည် နှစ်ကိုင်း ဖြစ်တဲ့ အတွက် သီးလုံး ၃၂လုံး ရပါမယ်။လက်ရင်းသီးတွေ ဖြစ်တဲ့ အတွက်လဲ အသီးကြီးပါတယ်။မျိုးပေါ် မူတည်ပြီး သီးလုံး ၃၂လုံးဟာ ၁ပိသာ၊၁ပိသာ ၅၀သား ရှိပါတယ်။ပန်းခိုင်း လေးခိုင်းကိုလဲ ပင်စည်ရဲ့ တစ်ဖက်တစ်ချက်သာ ထားပါ။အပင် မခိုင်းတဲ့ အတွက် သွင်းအားစု နည်းနည်းနဲ့ အပင်ပေါ်ကနေ ဈေးစောင့်လို့ရပါမယ်။ခရမ်းချဉ် စိုက်တောင်သူများ အဆင်ပြေကြပါစေ။

No comments:
Post a Comment